လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယနေ့ နံနက်(၉)နာရီမှစတင်၍ အသက်၆၅နှစ်အထက် ဘိုးဘွားများအား(ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျှက်ရှိ ကြောင်းသိရှိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံသော ဘိုးဘွားများအား သွားလာမှုအဆင်ပြေစေရေး စောက်ရှောက်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သတ်မှတ်အကွာအဝေးနေထိုင်ခြင်း၊ စာရင်းပေးသွင်းခြင်း၊ နားနေခြင်းများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နောက်ထပ်ဆေးထိုးရန် ကျန်ရှိနေသော မိဘပြည်သူများကိုလည်း ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့် နေ့ရက်၊ အချိန်၊နေရာတို့ကို ထပ်မံကြေညာပေးသွားမည် ဖြစ်ကြောင်းမြို့နယ် ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
အဆိုပါဆေးထိုးမှုတွင် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီးဒေါက်တာခင်ရူပါစိုးနှင့် ကျန်းမာရေးဝန်ထမ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ဘိုးဘွားများအား ဆေးထိုးသည့်နေရာသို့ လိုက်ပို့ပေးခြင်း၊ ကြည့်ရှုအားပေးခြင်း၊ အားပေးစကားပြောကြားခြင်း၊ ဆေးထိုးပြီးပါကလည်းနားနေခန်းတွင် နာရီဝက်နားစေခြင်း၊ နားနေသည့်ဘိုးဘွားများအား ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးရခြင်း၏ အကျိုးကျေးဇူးများနှင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်နှင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်။
ဝေလွင်ကျော်(ပြန်/ဆက်)