ရွှေပြည်သာမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအသိပေးခြင်း၊ သတိပေးခြင်းများ လှည့်လည်နှိုးဆော်

 

ရွှေပြည်သာ    စက်တင်ဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့ နယ်တွင် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်စေ ရန်နှင့်  ကူးစက်ပျံ့နှံ့မှုမရှိ စေရန်ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေး  နှိုးဆော်ခြင်းများကို    ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဌဦးမြင့်ဦး၏ ဦးဆောင်မှုဖြင့်ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဝင်များက ရပ်ကွက်၊ကျေးရွာများအလိုက်  ယမန် နေ့ ညနေပိုင်း  အချိန်က မော်တော်ယာဉ်အသံချဲ့စက်ဖြင့်လှည့်လည် နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင်  မိမိတို့နိုင်ငံတွင် လက်ရှိဖြစ် ပေါ်နေသော    ကိုဗစ်-၁၉ရောဂါကြီး သည်လျှင် မြန်စွာကူးစက်ပျံ့ပွားနေ၍လူအများဒုက္ခဆင်းရဲမှုများဖြစ်ကြပြီး သေဆုံးမှုများ  မြင့်မားလျက်ရှိ နေ၍ ထိုကူးစက်ဖြစ်ပွားမှုကို လျော့နည်းစေရန် နှင့်ထိ ရောက်စွာကုသထိန်းချုပ်နိုင် စေရန် အလွန်အရေးကြီးနေ ကြောင်း၊ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ   ရောဂါ ဆိုးကြီးကို   လျှင်မြန်စွာ အချိန်တိုအတွင်း    ကာကွယ်နိုင်မှာဖြစ် ကြောင်း၊မိဘပြည်သူ များအနေ ဖြင့်လက်ရှိအခြေအနေမှာ  အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာနေထိုင်ကြရန်၊ သို့မှသာရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးဆက်မှုကို  ထိထိ ရောက်ရောက် ကာကွယ် နိုင်မှာဖြစ်ကြောင်း၊မိဘပြည်သူများအနေဖြင့် မိမိအိမ်တွင်ပြင်ပမှ လာသော ဧည့်သည်များ  လက်မခံရန် နှင့်  မိမိကလည်း  အခြားသူ များထံ သွားရောက်ခြင်းမပြုကြရန် ၊ မဖြစ်မနေ အရေးကြီး ကိစ္စကြောင့်  အပြင်ထွက်ရပါကလည်း   ပါးစပ်နှင့်  နှာခေါင်းစည်း (Mask )ကိုစနစ်တကျတပ်ဆင်ကြရန် ၊အခြားသူများနှင့်အနည်း ဆုံးခြောက်ပေအကွာမှ   ခပ်ခွာခွာနေထိုင်ရန် ၊ (Mask) မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း ၊ စကားပြောခြင်း ၊ ဈေးဝယ်ခြင်းများမှရှောင်ကျဉ်ကြရန် ၊လူစုလူဝေးဖြင့်   သွားလာခြင်းကို ရှောင်ကြရန် ၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေး ကြောရန်၊လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်း ( Mask)နှင့်  မျက်စေ့တို့ကို ပွတ်သပ်ခြင်း ၊ ကိုင်တွယ် ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြရန် ၊ လေဝင် လေထွက်မကောင်း‌ သော    အခန်းများကို‌‌ ရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြူတင်းပေါက်တံခါးများဖွင့်ပြီးလေဝင်လေထွက်ကောင်းအောင်  ပြုလုပ်ကြရန်၊အပြင်မှ ပြန်လာတိုင်းဖြစ်စေ အများနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း( Mask) များကိုအိမ်အပြင်တွင်စနစ်တကျစွန့်ပစ်ရန် ၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက် သန့်စင်ခြင်း မပြုလုပ် ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို ၊ သွေးတိုး ၊   နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိင်ကြောင်း  အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာ‌ ရေးဌာနများ သို့ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှု ခံယူကြပါရန် ၊  ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်   ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေး  လုပ်ငန်းများကို မိဘပြည်သူ များ အားလုံးက ကိုယ်စီလိုက်နာကြပြီး   ပူးပေါင်းဆောင်ရွက်ပေးကြပါရန်  တို့ကိုတိုက်တွန်း နှိုးဆော်ခဲ့သည်။  မြိုနယ်အတွင်းရှိပြည်သူများကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ရပ်ကွက်၊ကျေးရွာများအလိုက် ညစဉ် အသံချဲ့စက် များဖြင့် လှည့်လည်နှိုးဆော် အသိပညာပေးခြင်းများကို ကိုဗစ်ကော်မတီဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေမှူးများနှင့်အဖွဲ့ဝင်များ၊ပရဟိတအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့်ဆောင်ရွက် ပေးလျက်ရှိရာ ဇွန်လ( ၂ )ရက်နေ့ မှစက်တင်ဘာလ(၇)ရက် နေ့ထိကိုဗစ် -၁၉ ရောဂါဖြစ်ပွားသူ အတည်ပြုလူနာ ပေါင်း (၄၇၉)ဦး၊  ရောဂါဖြင့် သေဆုံးသူ(၅၄)ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ( ၃၄၃)ဦးရှိပြီ ဖြစ်ကြောင်းမြို့နယ်အ ထွေ ထွေအုပ်ချုပ် ရေးဦးစီးဌာန ရုံးမှသိရသည်။

မြို့နယ်( ပြန်/ဆက် )