မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံအသက်ကယ် ပြုစုနည်းသရုပ်ပြခြင်း ဆောင်ရွက်

မြစ်ကြီးနား      စက်တင်ဘာ  ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံအသက် ကယ်ပြုစုနည်းသရုပ်ပြခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ကချင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးချစ်ဖေ၊ ဒုတိယတပ်ဖွဲ့မှူး ဦးအောင်ဇော်လင်းနှင့်အဖွဲ့ဝင်များမှ ရုတ်တရက်သတိလစ်ခြင်း၊ ရေနစ်ခြင်း၊ ဓါတ်လိုက်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော အသက်ရှုရပ်ခြင်းကို အထောက်အကူပြုကယ်တင်နိုင်သည့် နှလုံးဖိနှိပ်နည်းကို လက်တွေ့သရုပ်ပြခြင်း၊ အစာ ဆို့နင်ခြင်းကြောင့် အသက်ရှုရန်ခက်နေသည့် လူနာများကို အန္တရာယ်ကင်းစေရန် အသက်ကယ် အထောက်အကူပြုအခြေခံနည်းလမ်းများကို နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်တတ်စေရန် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးချစ်ဖေ မှ “ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့်ပူးပေါင်း၍ ယခုလို Community Centre ကနေပြည်သူတွေကို အသိပညာပေးရတဲ့ ရည်ရွယ်ချက် ကတော့ မိမိတို့ပတ်ဝန်းကျင်မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အသက်အန္တရာယ် တွေ့ကြုံရတဲ့ အခြေအနေတွေမှာ ဒီလို အခြေခံအသက်ကယ်ပြုစုနည်းတွေကို ပြည်သူတိုင်း သိရှိကာ နည်းစနစ်မှန်ကန်စွာနဲ့လက်တွေ့အသုံးချပြီး အသက်ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ဖို့ဖြစ်ပါတယ် ဟု ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)