ရွှေပြည်သာ မြို့နယ်တွင် (ဒုတိယအကြိမ်)ကာကွယ်ဆေးထိုးနှံပြီးသူ ပေါင်း(၂၉၉၀)ဦးရှိပြီဖြစ်

ရွှေပြည်သာ   စက်တာင်ဘာ   ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ(၁)ရက်နေ့မှ စက်တင်ဘာလ   (၇) ရက်နေ့အထိ(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား  ဩဂုတ်လ(၂၈)ရက်နေ့မှ   စ၍ စက်တင်ဘာလ (၇)ရက်နေ့အထိ( ဒုတိယအကြိမ်) ကိုဗစ်ကာကွယ် ဆေးကို ပြန်လည်ထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွား (၂၄၈၉)ဦး၊ ကျန်းမာရေးဝန်ထမ်း(၂၂)ဦး၊ စေတနာ့ဝန်ထမ်း (၄၄၉)ဦး၊ ဘုန်းကြီး၊သီလရှင်( ၄)ဦး၊ နိုင်ငံဝန်ထမ်း( ၆)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု( ၂၀)ဦး၊ စုစုပေါင်း  (၂၉၉၀)  ဦးအား ကာကွယ် ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နေ့လယ် ၁၂ နာရီအချိန်မှစတင်၍သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများမှ(ဒုတိယအကြိမ်) ကာကွယ် ဆေးထိုးနှံမည့်သူများအား အမှတ်(၄) အခြေခံပညာအထက်တန်ကျောင်း၊ ပြည်သူ့ ဆေးရုံ၊ အမှတ်(၁) မူလွန်ကျောင်းတို့တွင်   ကာကွယ် ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

အေးမိုး(ပြန်/ဆက်)