အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းမှ ပုံမှန်ဝင်ငွေမရှိသည့်အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားသောက်ကုန်များလှူဒါန်း

လှည်းကူး စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ယနေ့နံက် ၉ နာရီက အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းမှ စားသောက်ကုန်များပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်း(ကျေးလက်ကြယ်တစ်ပွင့်)ဆရာတော် ဦးဆောင်မှုဖြင့် အသင်းတာဝန်ရှိသူများက ရှမ်းရွာကျေးရွာ၌ နေထိုင်ကြသည့် စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စု ၃၀ စာအတွက် အိမ်ထောင်စု တစ်စုလျင် ဆန် ၆ ပြည်(၁)အိတ်၊ ဆီ ၅၀ ဆယ်ကျပ်ဿား(၁) ဘူး၊ စားပဲ(၁)ထုပ်၊ ဆား(၁)ထုပ်နှင့် Mask(၁) ဘူးတို့ကို့ လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းသည့် ဆန်နှင့်ဆီများကို လှည်းကူးမြို့နယ်သူငယ်ချင်းများအဖွဲ့မှ အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းသို့ လာရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို တစ်ဆင့် ပြန်လည်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)