ပုံပါကျင် စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်အတွင်းလှည့်လည် နှိုးဆော်ခြင်း ကိုဆောင်ရွက်ခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိ ရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ မိမိတို့နေအိမ်တွင်ပြင်ပဧည့်သည် များလက်မခံ ရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန်၊ လူစုလူဝေးပြုလုပ်၍ သွားလာခြင်းကို ရှောင်ကြဥ်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျ ဆေးရန်၊ နေအိမ်ရှိ ပြူတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုး ကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုတားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး မြန်မာ၊ရှမ်း နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
သန္တာ(ပြန်/ဆက်)