ဒဂုံမြောက် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ ဆရာတော် သံဃာတော်နှင့် သီလရှင်ကျောင်းတိုက်များအား ဆွမ်းကွမ်းပြည့်စုံမှုရှိစေရန် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ယမန်နေ့က သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် မြို့နယ်အတွင်းဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း (၂၄) ကျောင်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် (၁၁)ကျောင်းအား ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ပြီး မြို့နယ်အစီအစဉ်ဖြင့် (၁၃)ကျောင်း ထောက်ပံ့လှူဒါန်း သွားမည် ဖြစ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ်အစီအစဉ်ဖြင့် လှူဒါန်းမည့် ကျောင်းများအား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ပူးပေါင်းလှူဒါန်းသွားရန် ဆောင်ရွက်ထားရာ (၅၁) ရပ်ကွက်ရှိ ဓမ္မဂုဏ်ရည်စာသင်တိုက်၊ (၁၆)ရပ်ကွက်ရှိ မိုးညှင်းသိင်္ဂီ ကျောင်းတိုက်၊ အောင်သိဒ္ဓိသီလရှင်ကျောင်းများသို့ ဆွမ်းဆန်နှင့် ဝတ္တုငွေများ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)