ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူများသိရှိရန် အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ

ပုဗ္ဗသီရိ၊ စက်တင်ဘာ ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်  ဌာနဆိုင်ရာ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူများသိရှိရန် အသိပညာပေး လက်ကမ်း စာစောင်များနှင့် ပိုစတာများကို ယနေ့နံနက်ပိုင်းက အမှတ်-၂၀အခြေခံပညာအထက်တန်း ကျောင်းဝန်း  ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးထိုးရန်လာရောက်သည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးတွင် လိုက်နာရမည့် စည်းကမ်းချက်များကို သိရှိလာ စေရန် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး ကာကွယ်ဆေးထိုးစုရပ်နေရာတွင် "ကိုဗစ်-၁၉ရောဂါကာလဝယ် ကျန်းမာအောင်နေကြမယ်"နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းပိုစတာများကို ကပ်ထားပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ဝန်ထမ်းနေအခန်းများ အဆောင်များတွင် လိုက်နာရန်နှင့် အချင်းချင်း အသိပေး သတိပေးပြောကြားရမည့် အချက်များ၊ ပိုစတာများတွင် "ကိုဗစ်-၁၉ရောဂါကာလဝယ် ကျန်းမာ အောင်နေကြမယ်" နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများပါဝင်ပြီး နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဖြန့်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)