ရွှေပြည်သာ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအတွက် ပန်းခင်း စီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရွှေပြည်သာ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့် နေရာများဖြစ်သော အ.ထ.က(၄) ကျောင်း၊ မြို့နယ် ပြည်သူ့ဆေးရုံနှင့် အမှတ်(၁)မူလတန်းလွန်ကျောင်းတို့တွင်ဖြန့်ဝေခဲ့သည်။
ရွှေပြည်သာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများက ပြည်သူများ လက်ဝယ်အရောက် လက်ကမ်း စာစောင်(၃၀၀)ကို တစ်နေရာလျှင် စောင်ရေ(၁၀၀)နှုန်းဖြင့် ဖြန့်ဝေခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင်တွင် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အထောက်အထားများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ / လက်ရှိဒေသတွင်အိမ်ထောင်စုစာရင်း / ကိုင်ဆောင် လက်မှတ်မရှိ သူများအား ဆောင်ရွက်ခြင်း၊ နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက်ပေးရာမည့် အမျိုးအစား(၄)မျိူး စသည့်အချက်များ ပါဝင်သည့် စာစောင်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)