ညောင်ရွှေ စက်တင်ဘာ ၈
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၌ မြို့နယ်အတွင်းနှင့် အနီးဝန်ကျင်ဒေသများအတွက် အထောက် အကူဖြစ်စေမည့် Oxygen Plant တည်ဆောက်နိုင်ရန် မြို့နယ်အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စေတနာရှင်ရဟန်းရှင်လူပြည်သူများမှ စေတနာ သဒ္ဒါတရားထက်သန်စွာ ထည့်ဝင်လှူဒါန်း လျက်ရှိကြရာ ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း ထည့်ဝင်လှူဒါန်းငွေပေါင်း (၄၈၇၀၀၀၀)ကျပ် ပေးအပ်လှူဒါန်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးကအမှာစကားနှင့်ထည့်ဝင်လှူဒါန်း ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး စုပေါင်းထည့်ဝင်လှူဒါန်းငွေ (၄၈၇၀၀၀၀)ကျပ်ကို ပေးအပ် လှူဒါန်းရာ မြို့နယ်အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးစိုးမင်းလတ်က လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ က ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး မိမိတို့ကော်မတီမှ ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေများကို ရှင်း လင်းတင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ