နောင်ချို စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ပရဟိတအဖွဲ့များ ၊ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးခြင်း များကို ဩဂုတ်လ (၂၇) ရက်နေ့မှ စတင်၍ နေ့စဉ်ဆောင်ရွက် လျက်ရှိကြောငး သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ယမန်နေ့က နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၌ လူဦးရေ ၉၅ ဦးကို လည်းကောင်း၊ သံဘိုအုပ်စု၌ လူဦးရေ ၉၅ ဦးကို လည်းကောင်း၊ မဲပုတ်အုပ်စု၌ လူဦးရေ ၉၃ ဦးကို လည်းကောင်း၊ အဖွဲ့(၃)ဖွဲ့ခွဲ၍ စုစုပေါင်း လူဦးရေ (၂၈၃)ဦးကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာလူဦးရေ(၇၁)ဦး၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
အဆိုပါပူးပေါင်းရေးအဖွဲ့များသည် မြို့နယ်အတွင်းကွင်းဆင်းရန်ကျန်ရှိသည့် ကျေးရွာ၊ ရပ်ကွက်များသို့ ဆက်လက်ကွင်းဆင်း၍ စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နောင် ချိုမြို့နယ်အနေဖြင့် စက်တင်ဘာလ ၇ ရက်နေ့ထိ အတည်ပြုလူနာ (၂၂၉၅)ဦး၊ သေဆုံးသူ (၃၃)ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ(၁၆၉၉)ဦး ၊ ကုသမှုခံယူနေဆဲ (၅၆၃)ဦး ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)