ငါ့သရောက် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှစတင်၍ ငါ့သရောက် မြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ငါ့သရောက်မြို့တွင်စက်တင် ဘာ(၇)ရက်နေ့မှ စတင် ကာ စက်တင်ဘာ(၁၁)ရက်နေ့အထိ နေ့စဉ် နံနက်(၈)နာရီမှ မွန်းတည့်(၁၂)နာရီအထိ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ ငါ့သရောက်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များက အနီးကပ်ကြီးကြပ်လျက် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့မှ ဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်း၍၊ ကာကွယ်ဆေးထိုးလာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးတွင်းအောက်စီဂျင်တိုင်းတာခြင်းနှင့် မှတ်တမ်းရယူခြင်းများကို အားဖြည့် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အေးအေးမိုး(ငါ့သရောက်)