မိုင်းယန်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယမန်နေ့ ည ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံသို့ စေတနာရှင် အလှူရှင်များမှ အသက်ရှုစက် (Oxygen Concentrator) နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်နေ ဒေါ်နန်းဟွမ်နွန်း၊ သား စိုင်းဝန်းတစ်နှင့် ညီမ နန်းခမ်းတစ်တို့မှ လီတာ(၁၀)ဆံ့ အောက်ဆီဂျင်အိုး(၁၀)လုံး၊ Oxygen set (၂၀၀)ခု၊ Exam-gloves (၁၀၀)စုံ၊ Flow Meter (၁၀)ခု၊ Pulse Oximeter (၅)ခု၊ Mask (၁၅)ထုပ်နှင့် Hand gel(၂)ဗူးတို့ကို လည်းကောင်း၊ မိုင်းယန်းမြို့ ဟော်ကန်ရပ်ကွက်နေ ဦးရှီးဖေရန်မိသားစုမှ အသက်ရှုစက် (Oxygen Concentrator)(၁)လုံးတို့ကို လည်းကောင်း လာရောက် လှူဒါန်းပေးအပ်ခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးဘတို့က လက်ခံရယူပြီး ယခုလို လာရောက် လှူဒါန်းပေးပါသော အလှူရှင်မိသားစုများအား မြို့နယ်ဆရာဝန်ကြီးမှ ကျေးဇူးအထူး တင်ရှိပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။
ခွန်ရဲထွေး(ဆီဆိုင်)