သာကေတ စက်တင်ဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသော စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ လုပ်သားများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်၌ ဖွဲ့စည်းထားသည့် ဆေးထိုးအဖွဲ့နှင့် စာရင်းဖြည့်သွင်း မှတ်တမ်းတင်ရေးအဖွဲ့တို့ဖြင့် စက်မှုဇုံကြီးကြပ်မှုကော်မတီရုံးတွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinovac) အား ဆက်လက်ထိုးနှံဆောင်ရွက်ခဲ့သည်။
ထို့အတူ Website တင်နိုင်ရေး တစ်ပါတည်း စာရင်းဖြည့်သွင်းရိုက်နှိပ် ဆောင်ရွက်ခြင်းတို့ကို လည်းကောင်း၊ စက်မှုဇုံအတွင်းရှိ စက်ရုံအလုပ်ရုံတစ်ခုခြင်း အလိုက် ရှေ့ပြေးစာရင်း ကောက်ယူရေး အဖွဲ့များမှ ရှိရင်းအင်အား၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး အင်အားနှင့် ဆေးထိုးနှံရန် ကျန်ရှိအင်အား အပါအဝင် အသေးစိတ်စာရင်း ကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ခံဆောင်ရွက်နေမှုတို့ကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ ရှေ့ပြေးစာရင်းကောက်ခံရေးအဖွဲ့အပေါ် အနီးကပ်ကြီးကြပ်နေသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ သာကေတ စက်မှုဇုံကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းတို့နှင့်အတူ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
သာကေတမြို့နယ်ရှိ စက်မှုဇုံအတွင်းမှ လုပ်သားဝန်ထမ်းအင်အား(၄၇၈၇)ဦး၊ စက်မှုဇုံပြင်ပရှိ စက်ရုံအလုပ်ရုံများမှ လုပ်သားအင်အား(၇၈၆)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံဆောင်ရွက်ထားပြီးဖြစ်၍ ကျန်ရှိသည့်စက်ရုံ၊ အလုပ်ရုံဝန်ထမ်းလုပ်သားများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံခြင်းဖြစ်ပြီး ဆေးထိုးနှံခြင်း လုပ်ငန်းအောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်ထံမှ သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)