ပျဉ်းမနား စက်တင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ အုပ်စု၊ ဇီးဖြူပင် ကျေးရွာရှိ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ရှင်းလင်းဆောင်တွင် နေပြည်တော်ာကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်တာ နှင့်အညီ နိုင်ငံတော်အနေနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းဆောင်ရွက်တဲ့ နေရာမှာ စိုက်ပျိုးမှုထုတ်ကုန်စွမ်းအားမြင့်မားရေး၊ ထုတ်ကုန်အရည်အသွေး ကောင်းမွန်ရေးနှင့် ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ရေး၊ ကျေးလက်နေ တောင်သူတို့၏ ဝင်ငွေတိုးတက်မြင့်မားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ရည်မှန်းချက်များဖြင့် လယ်ယာကဏ္ဍကို ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ ဆိုရင် ယခင်သမားရိုးကျလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရန်လိုအပ်မှာဖြစ်ပြီး စက်မှုလယ်ယာဖော်ဆောင်တဲ့နေရာမှာ စက်ယန္တယားများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးနဲ့ လယ်ကွက်များ စနစ်တကျလယ်ယာမြေသို့ ပြောင်းလဲဖော်ထုတ်ခြင်းစတဲ့ အခြေခံကျတဲ့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နေပြည်တော် ဆည်မြောင်းတည်ဆောက်ရေး အဖွဲ့(၅)၊ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်ဝေနှင့် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဦးတို့က အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ် စိုက်ပျိုးနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး အဆင့်မြင့် လယ်ယာမြေ ဖော်ထုတ်နေမှုတွင် ပါဝင်သည့် တောင်သူတစ်ဦးက လိုအပ်သည်များကို တင်ပြရာ တင်ပြချက် များအပေါ်နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များဖြည့်ဆည်းဆွေးနွေးကာ အဆင့်မြင့် လယ်ယာမြေ ဖော်ထုတ်စိုက်ပျိုးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်သူ ဦးမြလှိုင်၏ သဘာဝငှက်ပျော(ဖီးကြမ်း) (၃)ဧက စိုက်ခင်းတွင် ငှက်ပျောပင်များ အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ ငှက်ပျောစိုက်တောင်သူများ၏ တင်ပြ ချက်များအပေါ် ဌာနဆိုင်ရာမျာနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် ကျီးအင်းကျေးရွာရှိ ဟင်းသီးဟင်းရွက် အအေးခန်းစက်ရုံသို့ ရောက်ရှိရာ စက်ရုံမှတာဝန်ရှိသူများ က ဟင်းသီးဟင်းရွက် အအေးခန်းစက်ရုံ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို Zoom Application ဖြင့် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲမှ စိုက်ပျိုးအောင်မြင်လျက်ရှိသည့် GAP စံပြစိုက်ခင်းသို့ရောက်ရှိကြပြီး စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက စံပြစိုက်ခင်း ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်)