ထားဝယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ထားဝယ်     စက်တင်ဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊မြို့တော်ခန်းမ၌ပထမအကြိမ်ကာကွယ်ဆေးထိုးနှံထားသော အသက် (၆၅) နှစ် အထက်အသက်ရွယ်ကြီးရင့်သူများ၊ ရဟန်းသံဃာများနှင့်သီလရှင်များ၊ ပရဟိတအသင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကဆေးရုံ/ဆေးခန်းဝန်ထမ်း၊ နိုင်ငံဝန်ထမ်း၊ သာသနာ့ဝန်ထမ်၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းများမှ ပြည်သူများ အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက် ကြောင်းသိရသည်။

ကာကွယ်ဆေးများကို သြဂုတ်၃၀ရက်နေ့မှစ၍ စက်တင်ဘာ ၆ ရက်နေ့အထိ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ၂၃၃၃ ဦး ၊ တလိုင်းတောင် ကျေးရွာ တွင် ၁၁၅ ဦး နှင့်ပကာရီကျေးရွာတွင် ၁၆၅ ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းသိရပြီး ကာကွယ်ဆေး ထိုးပေးသောနေရာများတွင် ကျန်းမာရေး ဝန်ထမ်း၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်၊၊

ယခုဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူများသည် ပြီးခဲ့သောဇူလိုင်လ ၃၁ ရက်နေ့က ပထမအကြိမ်ထိုးနှံသူများဖြစ်ကြောင်းသိရပြီး ပထမအကြိမ်တွင်(၅၄၃၀)ဦး ထိုးနှံပေးခဲ့ ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုး အစား ဖြစ်ကြောင်းသတင်း ရရှိသည်၊၊

ကျော်ကျော်လတ်