ဒဂုံမြောက် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ စေတနာလုပ်အားရှင်ကြက်ခြေနီ လူငယ်များသည် ကိုဗစ်-၁၉ ရောဂါပထမလှိုင်းမစ၍ တတိယလှိုင်းအချိန်ထိ ကိုဗစ်လူနာများအား ဆေးရုံများသို့ ပို့ဆောင်ပေးခြင်း၊ ကိုဗစ်လူနာများနှင့် ထိစပ်သူများအား Quarantine Centre များသို့ ကူညီပို့ဆောင်ပေးခြင်း၊ အရေးပေါ်လူနာများ ကူညီပို့ဆောင်ပေးခြင်းတို့ကို တက်ကြွစွာကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ယခု ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းတွင် အရေးပေါ် ကိုဗစ်လူနာများမှ လိုအပ်သည့် အောက်ဆီဂျင်များကို အိမ်တိုင်ရာရောက် အခမဲ့လှူဒါန်းပေးလျက်ရှိပြီး အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ထားသော ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ အရေးပေါ် အောက်ဆီဂျင်လိုအပ်နေသူများအား ကြက်ခြေနီအသင်းခွဲသို့ ဩဂုတ်လ ၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အောက်ဆီဂျင်အိုးငှားရမ်းသူ ၃၇ ဦးအား အောင်ဆီဂျင် အရည်ဖြည့်ရန်အတွက် အလှူရှင် ၇၃ ဦးမှ စုပေါင်းလှူဒါန်းငွေစုစုပေါင်း ၁၀၅၅၀၀၀ ကျပ်လှူဒါန်းခဲ့ကြကောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဦးသန်းအောင်မိုးထံမှ သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)