ကျောက်မဲ စက်တင်ဘာ ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်းတို့၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ်ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၂၉၃၁ ဦးရှိပြီဖြစ်ကြောင်းသိရ သည်။
ကျောက်မဲမြို့နယ်တွင် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအမျိုးအစားဖြင့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို၊ နိုင်ငံ့ဝန်ထမ်း၊ ပရဟိတ ဝန်ထမ်း၊ ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံ့ဝန်ထမ်းမိသားစု၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ/ဟိုတယ်/မိုတယ်/ တည်းခိုခန်း/ ပို့ဆောင်ရေး ဝန်ထမ်းများနှင့်နှင့် ဈေးသူဈေးသားများ စုစုပေါင်း လူဦးရေ ၃၉၇၈ ဦးတို့အား ပထမအကြိမ်တွင် ထိုးနှံပေးခဲ့ပြီး အဆိုပါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား သတ်မှတ်ရက်ချိန်းများအလိုက် ဒုတိယအကြိမ်အဖြစ် ထပ်မံထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ လူဦးရေ ၂၉၃၁ ဦးကို ကာကွယ်ဆေး ထိုးနှံပေးပြီးကြောင်း ကျန်းမာရေးဌာနမှသိရသည် ။
အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)