ပင်လောင်း စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ပင်လောင်းမြို့နယ်အတွင်းရှိ ဦးစားပေး အစီအစဉ်များတွင် ပါ၀င်သော ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က ဆေးထိုးစုရပ်ဖြစ်သည့် အ.ထ.က(ပင်ခွန်) ကျောင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ မိဘပြည်သူများအား ဆောင်းပြောင်းတိုက်နယ်ဆေးရုံမှ ဆရာ၀န်၊ သူနာပြုများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးခြင်းများတို့ ကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေး ပုံမှန်အနေအထားရှိမှ သာကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင်သြဂုတ် ၂၀ ရက်မှစက်တင်ဘာ ၆ ရက်နေ့အထိအသက် ၆၅ နှစ်အထက်ဘိုးဘွား(၇၈၉)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး၀န်ထမ်း(၁၂)ဦး၊ volunteer/ပရဟိတ(၁၉၃)ဦး၊ ဘုန်းကြီး/သီလရှင်/ဘာသာရေး ကျောင်းများမှ (၆၇)ဦး၊ နိုင်ငံ့၀န်ထမ်း(၂၄၈)ဦး၊ နိုင်ငံ့၀န်ထမ်းမိသားစု(၂၁၃)ဦး၊ ပုဂ္ဂလိက ဘဏ်၀န်ထမ်း (၂၇)ဦး၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံမှ(၄၁)ဦး၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်းမှ(၆)ဦး၊ ပုဂ္ဂလိကပို့ ဆောင်ရေးလုပ်ငန်း များမှ(၁၂၈)ဦ၊ စူပါမားကက်/ စျေးများမှ(၁၅၁၇)ဦး၊ စုစုပေါင်း(၃၂၄၁)ဦး အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆေးထိုးရန်ကျန်ရှိ နေသူများကိုလည်းသက်ဆိုင်ရာ ဆေးထိုး စုရပ်များ တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှသိရှိရသည်။
ထွန်းလင်း(ပင်လောင်း)