နမ္မတူမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းကွမ်းအခက်အခဲမရှိစေရေး ဆွမ်းဆန်တော်၊ ကုလားပဲ၊ အားလူး၊ ကြက်သွန်နီနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ ဆက်ကပ်လှူဒါန်း

နမ္မတူ  စက်တင်ဘာ ၇

နမ္မတူမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းကွမ်းအခက်အခဲမရှိစေရေး ဆွမ်းဆန်တော်၊ ကုလားပဲ၊ အာလူးနှင့် ကြက်သွန်နီများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ (နမ္မတူ)မှ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှနှင့် ဝင်းမြင့်မိုရ်ကုမ္ပဏီမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဝါတွင်းကာလ ဆွမ်းကိစ္စအဆင်ပြေစေရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး  ရည်ရွယ်၍ ဗုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းသို့ ဆန် (၂)အိတ်၊ ကြက်သွန်နီ (၁)အိတ်၊ အာလူး (၁)အိတ်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၁၀)ဗူးအားလည်းကောင်း၊ ရွှေမြင်သာတောင် ဘုန်းတော်ကြီးကျောင်းသို့ ဆန် (၄)အိတ်၊ ကြက်သွန်နီ (၁)အိတ်၊ အာလူး (၁)အိတ်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၇)ဗူးအားလည်းကောင်း၊ ရွှေမြင်သာဘုန်းတော်ကြီးကျောင်းသို့ ဆန် (၆)အိတ်၊ ကြက်သွန်နီ (၁)အိတ်၊ အာလူး (၁)အိတ်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၇)ဗူးအားလည်းကောင်း၊ မြို့လယ်ဘုန်းတော်ကြီးကျောင်းသို့ ဆန် (၃)အိတ်၊ ကြက်သွန်နီ (၁)အိတ်၊ အာလူး (၁)အိတ်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၆)ဗူးအားလည်းကောင်း၊ နမ္မလဘုန်းတော်ကြီးကျောင်းသို့ ဆန် (၂)အိတ်၊ ကြက်သွန်နီ (၁)အိတ်၊ အာလူး (၁)အိတ်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၅)ဗူးအားလည်းကောင်း၊ မြို့ဦးဘုန်းတော်ကြီးကျောင်းသို့ ဆန် (၁)အိတ်၊ ကြက်သွန်နီ (၁)အိတ်၊ အာလူး (၁)အိတ်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၅)ဗူးအားလည်းကောင်း၊ ပညာလင်္ကာရသီလရှင်ကျောင်းသို့ ဆန် (၂)အိတ်၊ ကြက်သွန်နီ (၁)အိတ်၊ အာလူး (၁)အိတ်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၅)ဗူးအားလည်းကောင်း၊ စုစုပေါင်း ဆန် (၂၄)ပြည်အိတ် (၂၀)အိတ်၊ ကုလားပဲ (၁)အိတ်၊ ကြက်သွန်နီ (၂၀) ပိဿာအိတ် (၇)အိတ်၊ အာလူး (၁၅)ပိဿာအိတ် (၇)အိတ်နှင့် ပါစပ်းနှင့်နှာခေါင်းစည်း (Mask) (၄၅)ဗူးအား အဆိုပါ ဘုန်းတော်ကြီးကျောင်း (၆)ကျောင်းနှင့် သီလရှင်ကျောင်း (၁)ကျောင်းသို့ သွားရောက်၍ ဆပ်ကပ်လှူဒါန်းခဲ့သည်။

အလားတူ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှလည်း မိမိတို့သက်ဆိုင်ရာ ဆရာဒါယကာကျောင်းများသို့ သွားရောက်၍ ဝါတွင်းကာလ ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)