ခေါင်လန်ဖူး စက်တင်ဘာ ၇
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊လူမှုကူညီရေးအသင်းများ၊ ဘုန်းကြီးကျောင်း/သီလရှင်ကျောင်း/ သာ သနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊စားသောက်ကုန်ပစ္စည်းရောင်းချသူများနှင့်လက်ဖက်ရည် ဆိုင်/စားသောက် ဆိုင်များမှဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ(၆)ရက်မှစ၍ ခေါင်လန်ဖူးမြို့နယ်ခန်းမ၌ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများမှ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။
ယင်းကာကွယ်ဆေးထိုးနှံရာနေရာသို့ ရှေ့တန်းအမှတ်ခြေလျင်တပ်ရင်း(၄၆)၊တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီးဘုန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဆန်းထွန်းနှင့်အဖွဲ့ဝင်များမှလာရောက်ကြပ်မတ်ဆောင် ရွက်ပေးလျက်ရှိပါသည်။
အဆိုပါခေါင်လန်ဖူးမြို့နယ်တွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရမည့် ဦးတည်အုပ်စုမှ(၃၉၆)ဦးအား နံနက်(၉)နာရီမှညနေ(၄)နာရီအထိ ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး အလှမ်းကွာဝေး သည့် ကျေးရွာများတွင်နေထိုင်သည့် သက်ကြီးရွယ်အိုများထိုးနှံနိုင်ရေး မိုဘိုင်း(Mobile)အဖွဲ့ဖြင့်ကွင်းဆင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)