ထားဝယ် စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသောအသက် (၆၅) နှစ် အထက်သက်ရွယ်ကြီးရင့်သူများ၊ ရဟန်းသံဃာနှင့်သီလရှင်များ၊ ပရဟိတအသင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကဆေးရုံ/ဆေးခန်းဝန်ထမ်း၊ နိုင်ငံဝန်ထမ်း ၊ သာသနာ့ဝန်ထမ်၊ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများ အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက် ကြောင်းသိရသည်။
ကာကွယ်ဆေးများကိုသြဂုတ်၃၀ရက်နေ့မှစ၍စက်တင်ဘာ ၆ ရက်နေ့အထိ ထားဝယ်မြို့ ၊ မြို့တော်ခန်းမ၌ ၂၃၃၃ ဦး ၊ တလိုင်းတောင် ကျေးရွာ တွင် ၁၁၅ ဦး နှင့်ပကာရီကျေးရွာတွင် ၁၆၅ ဦးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းသိရပြီး ကာကွယ်ဆေး ထိုးပေးသောနေရာ များ တွင် ကျန်းမာရေး ဝန်ထမ်း၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပရဟိတ အသင်းအဖွဲ့ များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်၊၊
ယခုဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူများသည်ပြီးခဲ့သောဇူလိုင်လ ၃၁ ရက်နေ့ က ပထမအကြိမ်ထိုးနှံသူများဖြစ်ကြောင်းသိရပြီးပထမအကြိမ်တွင်(၅၄၃၀)ဦးထိုးနှံပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sinopharm အမျိုး အစားဖြစ်ကြောင်းသတင်း ရရှိသည်၊၊
ကျော်ကျော်လတ်(ထားဝယ်)