လိပ်သို စက်တင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ မြို့ပေါ်/ရပ်ကွက် ကျေးရွာအတွင်းရှိ သံဃာတော်များ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့၀င် များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ တိုက်နယ် ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး ကျန်းမာရေး၀န်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ ကျန်းမာရေး၀န်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့၀င်များမှ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေး ထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုအား ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င်များနှင့် စာရေးများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)