သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်

မိုင်းယန်း    စက်တင်ဘာ       ၇

 

သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ ကျရောက်လာပါက ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးနှင့် တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ နံနက် ၉ နာရီခန့်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။  

 

အဆိုပါဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သဘာဝဘေး အန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မိတ်ဖက်အင်အားများအဖြစ် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍  ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို လျင်မြန်ထိရောက်စွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြစ်သည့် လှေကား အသုံးပြု၍ အောက်မှလူနာအား ဆွဲတင်ခြင်း(Ladder Crane Method)နှင့် ဝန်အား လျှော့ချခြင်း နည်းစနစ်များ  ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် သဘာဝဘေး အန္တရာယ်ကြုံတွေ့ လာပါက မီးသတ်တပ်ဖွဲ့အင်အား၊ လူ၊ ယာဉ်၊ စက် အကုန်လုံး သင့်လေးသင့်ဖြစ် အောင် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

သဘာဝဘေးအန္တရာယ်နှင့်အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဒေသခံပြည်သူ များအား ကူညီကယ်ဆယ်နိုင်ရန် မိုင်းယန်းမြို့နယ်မီးဦးစီးမှူးရုံး ဖုန်း ၀၉-၄၄၁၃၆၆၆၂၁ သို့ အချိန်မရွေးဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)