မိုင်းယန်း စက်တင်ဘာ ၇
မိုင်းယန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ ၉ နာရီက ဟော်ကန်ရပ်ကွက်ရှိ မြို့မအားကစားရုံ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇင်ဦး၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးဘဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက မိုင်းယန်းမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ ပရဟိတအသင်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ်ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးမထိုးမီ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)