ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီတွင် ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ၊ ရွှေဂုံရိပ်မွန်အိမ်ရာတွင် လည်းကောင်း၊နံနက် (၈) နာရီတွင်အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ လူမှုဝန်ထမ်း အိပ်ရာတွင်လည်းကောင်း၊ နံနက် (၉) နာရီတွင်ငါးထပ်ကြီး တောင်ရပ်ကွက်၊ ငါးထပ်ကြီးဘုရား လမ်းသွယ်ရှိ ငါးထပ်ကြီးတောင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် လည်းကောင်း၊ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ကြက်ဥ၊ဆိတ်သားနှင့် အမဲသား များကို ဈေးနှုန်းသင့်တင့်စွာ လာ ရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန် (၁) ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် (၅)ပြည် အိတ်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း(၁)ပြည်လျှင် ငွေကျပ်၁၇၀၀နှုန်းဖြင့်(၅)ပြည် အိတ်တစ်အိတ်ကို ငွေကျပ်၊၈ ၅၀၀နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥ(၁၀)လုံး တစ်ကတ်လျှင် (၁၃၀၀) ကျပ်ဖြင့် လည်းကောင်း၊ ဆိတ်သား(၁၀)ကျပ်သားလျင်(၁၂၀၀မှ၂၀၀၀)ကျပ်အထိ လည်ကောင်း၊အမဲသား(၁၀)ကျပ်သားလျင်၊ (၁၂၀၀မှ၁၃၀၀)အထိ လည်းကောင်း၊ ဆီ ၅၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ကျပ်ဖြင့် လည်းကောင်း ရွေ့လျား စျေးကား Mobile Market ဖြင့်ပြည်သူများအားရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါရောင်းချနေမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်