ပင်လောင်းမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ပင်လောင်း   စက်တင်ဘာ   ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၂) ခန်းမဆောင်တွင်ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့် ဇော်ထက်၊ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်အောင်၊ ပင်လောင်းမြို့နယ် မူးယစ်တပ်ဖွဲ့စုအမှတ်(၂၆)မှ ရဲအုပ် အောင်မိုးသူ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်ဆွေဆွေမာတို့က သက်ဆိုင်ရာ ကဏ္ဏများအလိုက် အသိပညာပေးဟောပြောခဲ့ကြသည်။

ဟောပြောပွဲသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့၀င်များ၊ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့၀င်များ၊ မူးယစ်တပ်ဖွဲ့စုအမှတ်(၂၆)မှ ရဲအုပ်နှင့်တပ်ဖွဲ့၀င်များ၊ သက်ဆိုင်ရာဌာနများမှ တာ၀န်ရှိသူများ၊ ပင်လောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ထွန်းလင်း(ပင်လောင်း)