ညောင်ရွှေမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ညောင်ရွှေ      စက်တင်ဘာ   ၆

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူပေါင်း ၅၈၁၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၆၅)နှစ်နှင့် အထက်နှင့် ဦးစားပေးအဆင့်အလိုက်  ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄အုပ်စုမှ ပြည်သူများ ကို ဆေးထိုးအဖွဲ့ ၇ ဖွဲ့ဖြင့်  ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးသူရိန်