မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းဆတ် စက်တင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း မြို့တွင်း တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်(၁၀) နာရီခွဲက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် အဖွဲ့ဝင်များက Winner Sign ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အဆောက်အဦအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁၅၅ ဒဿမ ၆၂၈)သန်းဖြင့် ခြံစည်းရိုးအုတ်တံတိုင်း(၅၂၀)ပေနှင့် အလျား ပေ(၆၀)၊ အနံပေ(၄၀)၊ အမြင့်(၂၂)ပေ RC နှစ်ထပ် တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ သုံးယိင်းဟွားဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ခရိုင်ဥပဒေရုံးအဆောက်အဦ အား ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၁၂၈.၇)သန်းဖြင့် အလျား(၅၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၂၄)ပေ RC နှစ်ထပ် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ခရိုင်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် အဖွဲ့ဝင်များက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)