လောင်းလုံး စက်တာင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် ဇူလိုင်လ (၃၀)ရက်နေ့မှ သြဂုတ်လ (၄)ရက်နေ့အထိ(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ စက်တင်ဘာလ (၄)ရက်နေ့အထိ ဒုတိယအကြိမ် ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့်အထက်ဘိုးဘွား (၁၇၀၉)ဦး၊ စေတနာ့ဝန်ထမ်း (၅၅၀)ဦး၊ ဘုန်းကြီး၊ သီလရှင်(၁၀၄)ဦး၊ နိုင်ငံဝန်ထမ်း(၁၈၉)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု( ၇ဝ၁)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၁)ဦး၊ပုဂ္ဂလိကစက်ရုံဝန်ထမ်း(၄၇)ဦး၊ အကျဥ်းသား(၁၅)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း (၅၀)ဦး၊ စျေးရောင်းသူ(၂၈၀)ဦး၊ စုစုပေါင်း(၃၆၄၆)အား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ဝန်ထမ်းများ၊ ရေဖြူတပ်နယ်မှ ဆေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များတို့ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လောင်းလုံ(ပြန်/ဆက်)