အင်တောမြို့ ဆီဆုံဂနိုင်ကျေးရွာတွင် ဒေသခံပြည်သူ(၂၅၂)ဦးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ  RDT- Test Kit ဖြင့် အခမဲ့ကွင်းဆင်း စစ်ဆေးပေး

အင်တော   စက်တင်ဘာ  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  အင်တောမြို့၊ ကျောက်ဂူကျေးအုပ်စု၊ ဆီဆုံဂနိုင်ကျေးရွာတွင် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ Rapid Antigen Diagnostic Test Kitဖြင့် စစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ဆီဆုံဂနိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ အခမဲ့ ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောက်ဂူနယ်မြေစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ရပ်စောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆီဆုံဂနိုင်ကျေးရွာရှိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၅)ဦး နှင့် ထိတွေ့မိသည့် သံသယရှိသူ (၂၅၂)ဦးတို့အား RDT Test-Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိသူမရှိကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ဆေးဆောင်ရွက်ပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့်   ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ပြန့်ပွားမှုနှုန်း  အမှန်တကယ် လျော့နည်း ကျဆင်းမှု ရှိ/မရှိကို သိရှိနိုင်ရန်အတွက် စစ်ဆေးပေးခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ခိုင်(အင်တောပြန်/ဆက်)