မောက်မယ်မြို့နယ်၌ ကလေးငယ်များပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်

မောက်မယ် စက်တင်ဘာ ၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လစဉ်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်း၊ ပေါင်ချိန်ပေးခြင်း လုပ်ငန်းနှင့် ပတ်သက်၍ မောက်မယ်မြို့နယ်အတွင်းရှိ ရပ်ကွက်(၇) ရပ်ကွက်မှကလေးငယ်များ အသက် (၂)လမှ (၁၈)လအတွင်း (၉၀)ဦးခန့်အား ထိုးနှံပေးပြီး ကျန်ရှိနေသေးသည့် ကျေးရွာများ တွင်လည်း သက်ဆိုင်ရာကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဆရာမထံမှတစ်ဆင့် သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)