တံတားဦးမြို့နယ်တွင် Volunteer များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ကျန်းမာရေးသုံး ပစ္စည်းများ ပြန်လည်ထောက်ပံ့ပေးအပ်

တံတားဦး  စက်တင်ဘာ ၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် Volunteer များအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော ကျန်းမာရေးသုံး ပစ္စည်းများ ပြန်လည်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကျော်စိုးက အမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေး လျက်ရှိသော Volunteer များ၏ ဆောင်ရွက်မှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ဒါ့အပြင် အခြားလူမှုရေးလုပ်ငန်းများ ကိုလည်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ရရှိသော ကျန်းမာရေးသုံးပစ္စည်းများကိုလည်း စနစ်တကျ ကိုင်တွယ်အသုံးပြုစေလိုကြောင်း ပြောကြားပြီး တံတားဦးမြို့ စေတနာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညွန့်သန်းက ထောက်ပံ့ပေးအပ်မှုအပေါ် လူမှုကူညီရေးအသင်းများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည် ။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ၊ သက်ဆိုင်ရာလူမှုကူညီရေးအသင်းများသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော တံတားဦးမြို့ စေတနာရှင် လူမှုကူညီရေး အသင်းနှင့် အနှိုင်းမဲ့ပါရမီ လူမှုရေးအသင်းတို့တွက် တစ်သင်းလျှင်  PPE ဝတ်စုံ(၁၀၀)စုံ ၊ N-95 Mask  (၁၂၀) ခု ၊  Sugical Mask (၁၄၀)ခု ၊   Hand Gel (၁၂၀)ဘူး ၊ Face Shield (၄၀)ခု ၊  ရော်ဘာ Glove  (၈၀၀)စုံ ၊ ပိုးသတ်ဆေးရည် (၈၀)ဂါလံ ၊  ဆေးဖြန်းပုံး (၄၀)လုံး ၊  အရက်ပြန် (၅၀၀)ပုလင်း ၊ Hand Speaker (၂၀) ခု ၊ ဗီတာမင်စီ(၁၂၀၀)လုံး ၊  Enervon-C (၇၀၀)လုံးတို့ကို လည်းကောင်း ၊ ပုညကမ္မလူမှုကူညီရေးအသင်းနှင့် စေတနာ မေတ္တာ လူမှုကူညီရေးအသင်းတို့အတွက်  PPE ဝတ်စုံ(၅၀)စုံ ၊ N-95 Mask  (၆၀) ခု ၊  Sugical Mask (၇၀)ခု ၊   Hand Gel (၆၀)ဘူး ၊ Face Shield (၂၀)ခု ၊  ရော်ဘာ Glove  (၄၀၀)စုံ ၊ ပိုးသတ်ဆေးရည် (၄၀)ဂါလံ ၊  ဆေးဖြန်းပုံး (၂၀)လုံး ၊  အရက်ပြန် (၂၅၀)ပုလင်း ၊ Hand Speaker (၁၀) ခု ၊ ဗီတာမင်စီ(၆၀၀)လုံး ၊  Enervon-C (၃၅၀)လုံး ၊  စုစုပေါင်းတန်ဖိုးငွေကျပ် (၁၇၁၉၃၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရဲတင့်(တံတားဦး)