ကျောက်ဆည်မြို့နယ်တွင် မြေပဲစိုက်ဧက (၂၈၀)ဧက စိုက်ပျိုးပြီးစီး

ကျောက်ဆည် စက်တင်ဘာ ၆

မန္တလေးတိုင်းသေကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီ ဖူလုံစေရေးအတွက် (၂၀၂၁-၂၀၂၂) ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများအား  စီမံကိန်းသီနှံအဖြစ် စိုက်ပျိုးရန် စီမံကိန်းရေးဆွဲ လျာထားခဲ့ရာ မြေပဲစိုက်ဧက(၂၈၀) ဧက စိုက်ပျိုးပြီးကြောင်းသိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မြေပဲသီးနှံများကို သင်းတွဲ နည်းပညာပေး(Centre)တွင် (၁၆၂)ဧက၊ သင်းဒီး နည်းပညာပေး(Centre)တွင် (၂၀)ဧက၊ စမာ နည်းပညာပေး(Centre)တွင် (၉၈)ဧက စုစုပေါင်း(၂၈၀)ဧက  စိုက်ပျိုးရန်လျာထားခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မြေပဲသီးနှံများစိုက်ပျိုးရာတွင် တိုက်နယ်(၁)တွင် (၅၂)ဧက၊ တိုက်နယ်(၂)တွင်(၄၆) ဧက၊ တိုက်နယ်(၇)တွင်(၁၆၂)ဧက၊ တိုက်နယ်(၁၂)တွင်(၂၀)ဧက စုစုပေါင်း(၂၈၀)ဧက စိုက်ပျိုး နိုင်ခဲ့သဖြင့် ယခုနှစ် လျာထားမြေပဲစိုက်ဧကပြည့်မီစွာစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)