မြစ်ကြီးနား စက်တင်ဘာ ၆
ကချင်ပြည်နယ် ဆင်ဘိုမြို့နှင့် မြစ်ကြီးနားမြို့သို့ နေ့စဉ်ပြေးဆွဲနေသော ငွေဧရာ အမြန်ရေယာဉ် သည် ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်မှုနှုန်းများ မြင့်တက်နေသော အခြေအနေများကြောင့် ဇူလိုင်လအတွင်းမှ ရပ်နားထားခဲ့ပြီး ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် ဆင်ဘို မှ မြစ်ကြီးနားခရီးစဉ် ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည်။
အဆိုပါ အမြန်ရေယာဉ်ပြေးဆွဲမှုအတွက် ဆင်ဘို-မြစ်ကြီးနားခရီးစဉ်ကို တနင်္လာနေ့တွင် လည်းကောင်း မြစ်ကြီးနား-ဆင်ဘိုခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင်လည်းကောင်း အပတ်စဉ်ပြေးဆွဲသွားမည် ဖြစ်ပြီး ကိုဗစ်ကူးစက်မှုနှုန်းများ ပြန်လည်လျော့ကျလာပါက နေ့စဉ်ပုံမှန်ပြန်လည်ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေအရ အမြန်ရေယာဉ်ခရီးစဉ်ကို တစ်ပတ်လျှင် တစ်ကြိမ်သာ ပြေးဆွဲရန် လျာထား သော်လည်းဆင်ဘိုနှင့် မြစ်ကြီးနားခရီးစဉ်ကြားမှာနေထိုင်တဲ့ပြည်သူတွေ့ရဲ့ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှုအသင်းအဖွဲ့တွေရဲ့အခက်အခဲတွေဖြစ်ပေါ်လာရင်ခရီးစဉ်အကြိမ်ရေတိုးပြီးပြေဆွဲပေးသွားမှာ ဖြစ်ကြောင်း ငွေဧရာအမြန်ရေယာဉ်အသင်းဥက္ကဋ္ဌ ဦးကျော်လှိုင်ထံမှ သိရသည်။
(ခရိုင်ပြန်/ဆက်)