စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်အဘိုးအဘွားများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

စဉ့်ကိုင် စက်တင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက် / ကျေးရွာများမှ ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီမှ စတင်၍ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာသိမ့်အိသူ  (ပြည်သူ့ကျန်းမာ)  နှင့်  ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ  ၀န်ထမ်းများ၊    မီးသတ်တပ်ဖွဲ့၀င်များ၊    မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊  ပရဟိတအသင်း အဖွဲ့၀င်များ၊  ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍   ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ် နိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီးပြည်သူများ လိုက်နာစေရန်၊ အသံချဲ့စက်များ၊ Hand  Speaker  ဖြင့်  လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက် /  ကျေးရွာများ အတွင်း ပိုးသတ်ဆေးများ ဖြန်းပေးခြင်း၊ ဒေသန္တာရစည်းကမ်းချက်များ၊  ကျန်းမာရေး ၀န်ကြီးဌာန က  ထုတ်ပြန်ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု  ရှိ/မရှိစစ်ဆေးခြင်း   အသိပညာပေးလုပ်ငန်းများ   ဆောင်ရွက်ပေးလျက်ရှိပြီး စက်တင်ဘာ(၅)ရက်နေ့အထိ အသက်(၆၅)နှစ် နှင့်အထက်အဘိုးဘွား (၇၅၆)ဦး၊  ဘယ်လင်း အကျဉ်းဦးစီးဌာန  အမှတ်(၁)မှ အကျဉ်းသား (၁၇၁)ဦး၊ အကျဉ်းဦးစီးဌာန အမှတ်(၂)မှ အကျဉ်းသား(၁၂၂)ဦး  စုစုပေါင်း(၁၀၄၉)ဦးတို့ကို  ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)