မိုင်းငေါ့ မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

မိုင်းငေါ့ စက်တင်ဘာ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ မြို့ဦးစီးမှူး ဦးအောင်ကျော်စိုး ဦးဆောင်သော ဝန်ထမ်းမျာမှ မိုင်းငေါ့မြို့အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက် (၈:၃၀) နာရီအချိန်က ကွန်ကောက်ကျေးရွာ အုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

 အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် ဒုလဝကမှူး ဦးခမ်းရီတို့က ပန်းခင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူများ လွယ်ကူလျင်မြန်စွာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မိုင်းငေါ့မြို့ ကွန်ကောက်ကျေးရွာအုပ်စုမှ ကျား(၂၄)ဦး၊ မ(၁၉)ဦး စုစုပေါင်း (၄၃)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

မြင့်သွယ်