မင်းတပ် စက်တင်ဘာ ၆
ချင်းပြည်နယ်၊ မင်းတပ်မြို့၌ အသက်(၆၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံခြင်းကို ခရိုင်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၉)နာရီ အချိန်တွင် စတင်၍ ထိုးနှံပေးလျက်ရှိသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့သည့် အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် သတ်မှတ်ထားသည့် အစုအဖွဲ့ (၁၃၇၄)ဦးအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိခဲ့သည်။ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခဲ့သည့် အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် သတ်မှတ်ထားသည့် အစုအဖွဲ့များအား (၆-၉-၂၀၂၁) ရက်နေ့မှ စတင်၍ (၂၈)ရက်ပြည့်ပြီးသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
ယင်းသို့ဆောင်ရွက်နေမှုကို စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)