ကိုဗစ်လူနာသီးသန့်ခွဲစိတ်ဆောင်တွင် အသုံးပြုရန် ခွဲစိတ်ခန်းသုံးပေါင်းအိုးနှင့် မီးစလောင်း လှူဒါန်း

တွံတေး      စက်တင်ဘာ   ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်‌တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် ကုသရေးဦးစီးဌာန၊ ကုတင် (၅၀)ဆံ့ပြည်သူ့ဆေးရုံတွင် ဖွင့်လှစ်ထားသော ကိုဗစ်လူနာ(မွေးလူနာ)သီးသန့်ခွဲစိတ်ဆောင်တွင် အသုံးပြုရန် ခွဲစိတ်ခန်းသုံးပေါင်းအိုးနှင့် မီးစလောင်းလှူဒါန်းခြင်းကို ယမန်နေ့ ညနေ၅နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး‌ကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇာနည်မောင် က တွံတေးမြို့နယ်တွင် ကိုဗစ်ကာလ အောက်ဆီဂျင်စက်ရုံရရှိရေး၊ ပြည်သူ့ဆေးရုံတွင် လိုအပ်ချက်များကို အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်နိင်ခဲ့သဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်မှာ အောက်ဆီဂျင် စက်ရုံကို ပထမဦးဆုံး တည်ဆောက် လည်ပတ်နိုင်ခဲ့ပြီး တွံတေးမြို့နယ်၌ အောက်ဆီဂျင်စက်ရုံနှစ်ရုံရှိလာသည့်အတွက် အောက်ဆီဂျင် လိုအပ်ချက်ကို အလှူရှင်များက ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ဖြစ်‌ကြောင်းနှင့် ယခုအခါမှာကိုဗစ်လူနာ (မွေးလူနာ)များအတွက် ယခင်ရှိပြီးသား ခွဲစိတ်ဆောင်ကို အသုံးမပြုဘဲ သီးသန့်ခွဲစိတ်ဆောင်တစ်ခုထားရှိပြီး ကိုဗစ်လူနာများအတွက် ခွဲစိတ်ခန်းသုံးပေါင်းအိုးနှင့် မီးစလောင်းကို အိုးဖိုအရှေ့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေအလှူရှင် မစန်းရွှေ(ခ)မခင်စန်းရွှေ ကလိုအပ်ချက်ကို လှူဒါန်းပေးခြင်း‌ကြောင့် ဖြစ်ကြောင့် ပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှမှ အလှူရှင်၏လှူဒါန်းမှုအား အထူးကျေးဇူးတင်ရှိ‌ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အလှူရှင်မစန်းရွှေ(ခ)မခင်စန်းရွှေအား မြို့နယ်စီမံအုပ်ချုပ်ရေး‌ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးဇာနည်မောင်က အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ခွဲစိတ်ခန်းသုံး ကုတင်အဟောင်းကို ပြန်လည်ပြုပြင်ခဲ့သော ကိုသန်းဇော်အား ဒေါက်တာမျိုးဇော်လှက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။

သီးသန့်ခွဲစိတ်ခန်းတွင် အသုံးပြုရန် ခွဲစိတ်ခန်းသုံးပေါင်းအိုးနှင့်မီးစလောင်း ၏ ကာလတန်ဖိုးမှာ (၁၄၅၀၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ ဆက်