မရမ်းကုန်း သြဂုတ် ၁၄
ကိုဗစ်-၁၉ကာလအတွင်း ရန်ကုန်အနောက်ပိုင်းခရိုင် ၊မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘောလုံးကွင်း၌ ဖွင့်လှစ်လျှက် ရှိသည့် အခမဲ့ဆေးခန်း (Fever Clinic)တွင် ယမန်မွန်းလွဲ၁၂း၃၀အချိန်က မြို့နယ်စည်ပင်သာယာ ရေး ကော်မတီဥက္ကဌ ဦးစိန်ထွန်းမှ ပင့်ဆောင်၍ သံဃာတော် (၁၀၅)ပါးအား တီဘီရောဂါပိုးရှိ/မရှိ ဓာတ်မှန်ရိုက် စစ်ဆေးခဲ့ကြသည်။
အဆိုပါသံဃာတော်များ၏ တီဘီရောဂါပိုးရှိ/မရှိစစ်ဆေးရာ၌ Fever Clinicတွင် တာဝန်ယူကုသပေးနေသည့် ပါမောက္ခ ဒေါက်တာမာမာကြည်၊ ဒေါက်တာခင်မိမိနှင့် ဒေါက်တာရဲလင်းစိုး တို့က ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
အေးကောင်း(ပြန်/ ဆက်)