ရန်ကုန် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ရှမ်းပြည်နယ်၏ဒေသထွက်ကုန် ဖြစ်သည့်ကြက်သွန်နီ(၄၂၅)ပိဿာ အား မြို့နယ်သမဝါယမအသင်း ဦးစီးဌာနမှ ကြီးကြပ်၍ မြို့နယ် တွင်းရှိ အခြေခံသမဝါယမအသင်းမှ စားသုံးသူများ စျေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီကစ၍ ဒုတိယအကြိမ် ဖြန့်ဖြူး ရောင်းချပေးခဲ့ပါသည်။
အဆိုပါ ကြက်သွန်နီ (၄၂၅) ပိဿာအား ရပ်ကွက်သမ တစ်သင်းလျှင်(၂၅ပိဿာ)ပါဝင် သည့်အိတ်တစ်အိတ်နှူန်းဖြင့် လိုက်လံဖြန့်ဝေ ပေးခဲ့ခြင်းဖြစ်ပြီး ၄င်း ကြက်သွန်နီများ အားရပ်ကွက်နေ ပြည်သူများထံ တစ်ပိသာလျှင် (၆၀၀)ကျပ်နှုန်းဖြင့် ပြန်လည်၍ ဖြန့်ဖြူး ရောင်းချ ပေးခဲ့ ကြ ကြောင်း သမဝါယမဦးစီးမှူး ဦးစိုးမင်းသန့် ထံမှသိရှိရပါသည်။
ကြည်ဇေသော်(ပြန်/ဆက်)