ပလောက် ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၃)ရပ်ကွက်ရှိ အသက်(၆)လမှ(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ(၅)နှစ်အောက် ကလေးငယ်များ အားဗီတာမင်အေ နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ရီသိန်းနှင့်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ကလေး များအားအပူချိန်တိုင်း ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း ၊ မိုးရာသီကာ လအတွင်း ဝမ်းပျက်၊ဝမ်းလျှော ရောဂါနှင့်သွေးလွန်တုပ်ကွေးရောဂါ များမဖြစ်ပွားစေရေး ကလေးများကို ဂရုစိုက်ကြရန် ပညာပေးပြော ကြားခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်ပြန်/ဆက် )