လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့်  Box Culvert များ ဆောက်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှု

လှိုင်သာယာ (အနောက်ပိုင်း)  သြဂုတ်  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ၂၀၁၉၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ရေစီးရေလာ ကောင်းမွန်ရေး  Box Culvert များ ဆောင်ရွက်နေမှုအား ယမန်နေ့   မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ်  အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးမြတ်မင်းသူ၊  ၊မြို့နယ်/ရပ်ကျေး အလုပ်အမှုဆောင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု့ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အလယ်ရွာလေး(မြေတိုင်း၂၂)ပိတောက် () လမ်း၊ ပိတောက်()လမ်း ၊ပိတောက် ()လမ်းများတွင် Box Culvert များပြုလုပ်ဆောင်ရွက်နေမှု နှင့်အမှတ် (၁၂)ရပ်ကွက် ၊လှိုင်ရတနာလမ်း (မိုးကုတ်ဝိပဿနာ ကျောင်းရှေ့)တွင် Box Culvert   များ ပြုလုပ် ရန် မြေသားတူးဖော်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

အဆိုပါ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ တင်ပြ တောင်းဆိုမှုကြောင့် တိုင်းဒေကြီးအစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် ၂၀၁၉၂၀၂၀ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)