ဆွမ်ပရာဘွမ် စက်တင်ဘာ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအရာထမ်း၊အမှုထမ်းများက RTD(Test Kit) ဖြင့်ကိုဗစ်-၁၉ရောဂါပိုး ရှိ မရှိစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း၁နာရီ အချိန်တွင် မိခင်နှင့်ကလေး ကျန်းမာရေးဦးစီး ဌာန၌စစ်ဆေးခံယူကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး စည်းကမ်းချက်များနှင့်အညီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း၂၆ဦးရှိသည့်အနက်၂၂ဦးကို စစ်ဆေးခဲ့ရာရောဂါပိုးမတွေ့ရှိခြင်း၊ ကျန်၄ဦးအနက် ဒုတိယဦးစီးမှူး ဦးစည်သူအောင်က အုပ်ချုပ်မှုစွမ်းရည်မြှင့်မားရေးသင်တန်းတွင် တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာကာ မြို့နယ်(Quarantire)အဖြစ် ဘန်ရူခန်းမ၌ သတ်မှတ်ထားသောစည်းကမ်းချက်များဖြင့် နေထိုင်စေခြင်း၊ ကျန်ရပ်/ကျေးစာရေး ဝန်ထမ်း၃ဦးတို့မှာ ဦးခန်တူးဖုန်အင်ယန်ကျေးရွာအုပ်စု၊ ဦးအောင်လခင်ဒူယန်ကျေးရွာအုပ်စုနှင့် ဦးဆန်အောင်ကဝါးပန် ကျေးရွာအုပ်စုများက မိမိတို့ကျရာကျေးရွာအုပ်စုများ၌ သာယာလှပစေရန်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီးပြန်လည်ရောက် ရှိလာပါက ကျန်းမာရေးဦးစီးဌာနများနှင့်ဆက်သွယ်စစ်ဆေးခံယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်)