မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဒုတိယအသုတ် စတင်ထိုးနှံပေး

မိုင်းပျဉ်း စက်တင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဒုတိယအသုတ် ထိုးနှံပေးခြင်းကို ယနေ့နံနက်()နာရီက မြို့လယ်ဓမ္မာရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဒုတိယအသုတ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၅ ရက်မှ ၇ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ထိုးနှံပေးနေမှုကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး နှာခေါင်းစည်း(Mask)နှင့် လက်သန့်စင်ဆေး ရည်( Hand Gel)များ ပေးဝေခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)