တွန်းဇံ စက်တင်ဘာ ၅
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုယ်ထူကိုယ်ထ ထင်းရှုးမြေဖူဆယ်ဘောလုံးကွင်း အသစ်တစ်ခု ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ထင်းရှုးမြေဖူဆယ်ဘောလုံးကွင်းအသစ်တွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချိုလင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဖူဆယ်ဘောလုံးကွင်းပိုင်ရှင် ဦးကျင့်ဇခန့်က ထင်းရှုးမြေဖူဆယ်ဘောလုံးကွင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချိုလင်းအောင်၊ မြို့နယ်အား/ကာမှူးဦးကျင့်လျန်းတွောင်နှင့်ဦးကျင့်ဇခန့်တို့က ဘောလုံး ကွင်းသစ်အားဖဲကြိုး ဖြတ်ဖွင့်လှစ်ပေး ခဲ့ကြသည်။
အဆိုပါ ထင်းရှုးမြေဘောလုံးကွင်းသစ်ကို အလျား(၁၀၅)ပေအနံ(၆၀)ပေရှိပြီးကျပ်(၃၇၀)သိန်းဖြင့် ကိုယ်ထူကိုယ် ထဆောက်လုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)