"အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်း"မှ ဦးဆောင်၍ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသော သုဝဏ္ဏ ကိုဗစ်ကုသရေးစင်တာ ဆက်လက် ဖွင့်လှစ်ကုသပေးလျက်ရှိ

သင်္ဃန်းကျွန်း စက်တင်ဘာ ၅

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ခံစားနေရသော လူနာများအတွက် ကိုယ်စွမ်းရှိသလောက် အကောင်းဆုံးကူညီပေးနိုင်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်းမှ ဦးဆောင်၍ ဖွင့်လှစ်ထားသော သုဝဏ္ဏကိုဗစ် ကုသရေးစင်တာအနေဖြင့် နေ့စဉ်နံနက် (၉)နာရီအချိန်ကစတင်၍ ဆက်လက်ဖွင့်လှစ်ကုသ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

ရှေးဦးစွာ သုဝဏ္ဏ ကိုဗစ်ကုသရေးစင်တာအနေဖြင့် ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါကို ကုသဖို့အတွက် စနစ်ကျတဲ့ ကုသရေးက အချိန်မရွေး လိုအပ်နေနိုင်မှာဖြစ်ပြီး ကုသဖို့ လိုအပ်နေသူတိုင်း ကိုယ်လည်းတစ်ထောင့်တစ်နေရာမှ ကူညီပေးနိုင်ဖို့အတွက်  ဖွင့်လှစ်ကုသပေးနေတာ ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင်စင်တာသို့ လာရောက်ကုသသော လူနာများအတွက်လည်း လိုအပ်သည်များကို လုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်း၊ လူနာများ စာရင်းပေးသွင်းသည့် အချိန်မှစပြီး ဆေးရုံဆင်းတဲ့အချိန်အထိ အခမဲ့ကုသပေးခြင်း၊ အဓိကအရေးကြီးတဲ့ Oxygen Plantများ လုံလောက်စွာထားရှိပေးထားပြီးလူနာ တက်ရောက်ခွင့်အသေးစိတ်အား admission Phone Number 09880847663 ကိုမနက်၉နာရီမှ ညနေ ၅နာရီအတွင်း ဆက်သွယ်မေးမြန်း၍ တက်ရောက်ကုသမှု ခံယူနိုင်ကြောင်း သတင်းရရှိသည်။

 

စန္ဒာမိုး(ပြန်/ဆက်)