မိုးနဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများအတွင် ကျေးရွာ ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီး

 

မိုးနဲ စက်တင်ဘာ ၅

 

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာ ၁၁ ရွာရှိ ကျေးရွာတွင်းလမ်းများ လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်းသိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်‌  ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ လျာထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် နောင်လိုင်ကျေးရွာအုပ်စု နောင်ပယ်ကျေးရွာနှင့်လွိုင်အိုင် ကျေးရွာတွင် အရှည်ပေ ၇၀၀ စီနှင့် လင်ဖူးကျေးရွာတွင် အရှည် ပေ ၆၀၀ ၊အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ရှိသည့် ကွန်ကရစ်လမ်း သုံးလမ်းခင်းခြင်းကိုလည်းကောင်း ၊နားခံရွာအုပ်စု နားခံကျေးရွာနှင့် ကာမလန်း ကျေးရွာတို့တွင် အရှည်ပေ ၆၀၀ ၊အကျယ် ၁၂ ပေ၊ထု ၆ လက်မ စီရှိ ကွန်ကရစ်လမ်း နှစ်လမ်းခင်းခြင်းကိုလည်းကောင်း ၊ကုန်းလွန်းကျေးရွာအုပ်စုရှိ လွိုင်ချိုကျေးရွာနှင့် ဆွန်မွန်းကျေးရွာတို့တွင် အရှည် ပေ ၇၀၀ ၊ အကျယ် ၁၂ ၊ထု ၆ လက်မစီရှိ ကွန်ကရစ်လမ်း နှစ်လမ်းခင်းခြင်းကိုလည်းကောင်း ၊မိုက်ဟိုင်းကျေးရွာအုပ်စု တုံကျိုင်းကျေးရွာ ၊နောင်ဟီးကျေးရွာအုပ်စု လွိုင်ဆိုင်းကျေးရွာနှင့် ဟိုဟကျေးရွာအုပ်စု (နမ့်ဟူး-နားပုံး) ကျေးရွာတို့တွင် အရှည်ပေ ၆၀၀ ၊အကျယ် ‌၁၂ ၊ထု ၆ လက်မရှိ ကွန်ကရစ်လမ်း သုံးလမ်းခင်းခြင်းကိုလည်းကောင်း စုစုပေါင်း ကျေးရွာကွန်ကရစ်လမ်း ၁၀ လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေတစ်ယူနစ် ငွေကျပ် ၁၀ သန်း နှုန်းဖြင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကာ ကွန်ကရစ်လမ်းကို အတိုင်းအတာနှင့် သတ်မှတ်စံချိန် စံညွှန်းများ အရည်အသွေးပြည့်မီစွာဆောင်ရွက်နိုင်ရေး ၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးရေးတို့အတွက် ဒေသခံကျေးရွာနေပြည်သူများ၏ လုပ်အားဒါန စုပေါင်းပါဝင်မှုနှင့်အတူ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ‌ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)