မိုးနဲမြို့နယ်တွင် မိုးစပါးသီးနှံ(၉၅၉၅) ဧကစိုက်ပျိုးပြီးစီး

မိုးနဲ စက်တင်ဘာ ၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးခြင်းအား သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့တွင် မိုးစပါးသီးနှံလျာ ထားဧက ၉၅၉၅ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦး ထံမှ သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှာ  မိုးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကောက်စိုက်စက်များ အသုံးပြု၍လည်းကောင်း ၊ ကောက်စိုက်အလုပ်သမားများ ငှားရမ်း၍လည်းကောင်း အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုး ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း သီးနှံအထွက်နှုန်းတိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်း ၊ပိုးမွှားရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဆောင်ရွက်ရန်နည်းလမ်းများအား အသိပညာပေးခြင်းများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မျိုးစေ့ထုတ်အနေဖြင့် DU-12 မျိုးစပါး (၁၀) ဧကနှင့် ရွှေရင်အေးမျိုးစပါး (၂၅)ဧက ကိုစမ်းသပ်စိုက်ပျိုး ထားရှိ‌ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)