ကျောက်တံတား သြဂုတ် ၁၄
ကျောက်တံတားမြို့နယ်တွင် အသက် (၆) လမှ(၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက် များအတွင်း အလှည့်ကျဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၌ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလေးငယ်များနှင့် မိဘများအား Mask တပ်ဆင်လာစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် လူဦးရေ သတ်မှတ်၍ Social Distancing ဖြင့် စနစ်တကျ ရှိစေရေးတို့ကို ကြိုတင်စီမံ၍ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များအားသံဓါတ်အားဆေးနှင့် သံချဆေးတိုက်ကျွေး ခြင်းတို့ကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှလဲ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေနန်းမေ